
Bellevue Myanmar Baptist Church

ကယ်တင်ခြင်းရရှိရန် စီမံပေးခြင်းသည် အဘယ်နည်း?
မေးခွန်း - ကယ်တင်ခြင်းရရှိရန် စီမံပေးခြင်းသည် အဘယ်နည်း?
အဖြေ - မိတ်ဆွေသည် မွတ်သိပ်မှုကို ခံစားသလား? ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မွတ်သိပ်ခြင်း မဟုတ်ပဲ မိတ်ဆွေတစ်သက်တာ၌ တစ်စုံတစ်ခုကို မွတ်သိပ်နေပါသလား? မိတ်ဆွေအသက်တာထဲ၌ အားရကျေနပ်မှုမရှိနိုင်သော တစ်စုံတစ်ခုခံစားဘူးပါသလား? ထိုသို့ဖြစ်လျှင် သခင်ယေရှုသည် လမ်း ခရီးဖြစ်သည်။ သခင်ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန်ရေငတ်မခံရ” (ယောဟန်၊ ၆:၃၅)။
စိတ်ရှုပ်နေပါသလား? အောင်မြင်ခြင်းလမ်းကြောင်း (သို့) အဓိပ္ပါယ်ရှိသောဘဝတစ်သက်တာ မျိုးမတွေ့ဘူးသောဘဝမျိုးခံစားခဲ့ဘူးပါသလား? ထို့သို့ဖြစ်လျှင် သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။ သခင်ယေရှုက “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏ (ယောဟန်၊ ၈:၁၂)။
မိတ်ဆွေသည် ဘဝအမှောင်ထုထဲ၌ ကျင်လည်ခြင်းဘဝမျိုးကို ခံစားဘူးပါသလား? ထွက် ပေါက်ရှာသည့်အချိန်တွင် ထွက်ပေါက်ကိုမတွေ့နိုင်ဘဲ ကြိုးပမ်းအားထုတ်မှု၏နောက်ကွယ်တွင် အနတ္တ၊ အဓိပ္ပါယ်မရှိသော ဘဝမျိုးကိုခံစားပါသလား? ပြည့်စုံသောဘဝရရှိရန် မိတ်ဆွေသည် ကြိုးပမ်း အားထုတ်ပါသလား? ထိုသို့ဖြစ်လျှင် သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။ သခင်ယေရှုက “ငါသည် တံခါးဝဖြစ်၏၊ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက် ထွက်ဝင်၍ကျက်စားရာ ကိုတွေ့ရ လိမ့်မည်” (ယောဟန်၊ ၁၀:၉) ။
တခြားသူတို့က မိတ်ဆွေကိုနိမ့်ကျအောင် အမြဲတမ်းပြုနေပါသလား? မိတ်ဆွေ၏ လူမှုရေး သည်ကျဆင်း၍ ဟောင်းလောင်းဖြစ်နေပါသလား? လူတဦးက မိတ်ဆွေထံမှ အခွင့်အရေးအမြဲတမ်း ရယူပါသလား? ထိုသို့ဖြစ်လျှင်သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။ ယေရှုက “ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကိုစွန့်တတ်၏…ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကိုပါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏၊ (ယောဟန်၊ ၁၀:၁၁၊၁၄) ။
နောင်တစ်မလွန်ဘဝတွင် မည်သို့ဖြစ်မည်ကို မိတ်ဆွေသိသလား? ဆွေးမြေ့ပျက်စီးယိုယွင်း တတ်သောအရာများကို ရှာဖွေ၍အသက်ရှင်ရန် မိတ်ဆွေကြိုးပမ်းအားထုတ်နေပါသလား? ဘဝသည် အဓိပ္ပါယ်မရှိဘူးဟု မိတ်ဆွေတွေးတောနေပါသလား? နောင်တမလွန်ဘဝတွင် အသက်ရှင်လိုပါ သလား? ထိုသို့ဖြစ်လျှင် သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။ သခင်ယေရှုက “ငါသည် ပြန်ရှင်ခြင်း အကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။” (ယောဟန်၊ ၁၁:၂၅ -၂၆)
လမ်းခရီးသည်အဘယ်နည်း? သမ္မတများသည် အဘယ်နည်း? ထာဝရအသက်သည် အဘယ် နည်း? သခင်ယေရှုက “ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ငါ့ကိုအမှီမပြုလျှင် အဘယ်သူမှခမည်းတော်ထံသို့မရောက်ရ” (ယောဟန်၊ ၁၄:၆)။
မိတ်ဆွေ၏ မွတ်သိပ်မှုသည် ၀ိညာဉ်ရေးရာမွတ်သိပ်ခြင်းဖြစ်သည်။ ထိုသို့သော မွတ်သိပ်ခြင်း မျိုးကို သခင်ယေရှုကသာ ဖြည့်ဆည်းနိုင်သည်။ အမှောင်ထုကြီးကိုဖယ်ရှားပေးနိုင်သောသူသည် သခင်ယေရှုပဲဖြစ်ပါသည်။ ပြည့်စုံကြွယ်ဝသောအသက်တာသို့ ဝင်ရောက်နိုင်သောဂိတ်ဝသည် သခင် ယေရှုပဲဖြစ်ပါသည်။ သခင်ယေရှုသည် မိတ်ဆွေရှာဖွေနေသော သူငယ်ချင်းမိတ်ဆွေနှင့် သိုးထိန်း ဖြစ်သည်။ ဤဘဝ၌ဖြစ်စေ၊ နောင်ဘဝ၌ဖြစ်သည် သခင်ယေရှုသာလျှင် ထာဝရအသက်ဖြစ်သည်။ သခင်ယေရှုသည် ကယ်တင်ခြင်းရရှိရန် လမ်းခရီးဖြစ်သည်။
မိတ်ဆွေသည် ဆာလောင်မွတ်သိမ့်မှုကို ခံစားခြင်း၊ အမှောင်ထုထဲ၌ လမ်းပျောက်ခြင်း၊ ဘဝ အဓိပ္ပါယ်ရှာဖွေတွေ့ရှိခြင်း မရှိနိုင်ခြင်းအကြောင်းသည် မိတ်ဆွေသည် ဘုရားသခင်နှင့် ဝေးကွာသော ကြောင့်ဖြစ်သည်။ လူသားအားလုံးတို့သည် အပြစ်သားများဖြစ်၍ ဘုရားသခင်နှင့်ဝေးကွာခဲ့သည်ဟု သမ္မာကျမ်းစာက ပြောခဲ့သည်(မဿဲ၊ ၇:၂၀၊ ရောမ၊ ၃:၂၃)။ မိတ်ဆွေ၏နှလုံးသားထဲ၌ ဟာတာတာ ဖြစ်ခြင်းသည် မိတ်ဆွေ၏အသက်တာထဲ၌ ဘုရားသခင်မရှိသောကြောင့်ဖြစ်သည်။ ကျွန်ူပ်တို့အားလုံး တို့သည် ဘုရားသခင်နှင့် မိတ်သဟာဖွဲ့ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ အပြစ်တရားကြောင့် ကျွနူ်ပ် တို့သည် ဘုရားသခင်နှင့်ဝေးကွာခဲ့ကြသည်။ ဒုက္ခကိုယ်အပြစ်နှင့် ဗီဇအပြစ်တို့က ယခုဘဝနှင့်နောင် တလွန်ဘဝတွင် ဘုရားသခင်နှင့် ထာဝရခွဲခွာစေခဲ့ပါသည်။ (ရောမ၊ ၆း၂၃၊ ရော၊ ၃း၃၆)။
ပြဿနာကို ကျွန်ူ်ပ်တို့သည် မည်သို့ဖြေရှင်းရမည်နည်း? သခင်ယေရှုသည် လမ်းခရီးဖြစ်သည် သခင်ယေရှုကမိမိကိုယ်တိုင် ကျွနု်ပ်တို့၏အပြစ်ကို ယုူဆောင်သွားခဲ့သည်(၂ကော၊ ၅:၂၁)။ သခင်ယေရှုသည် ကျွန်ူပ်ကိုယ်စားအသေခံခဲ့သည် (ရောမ၊ ၅း၈) ကျွန်ုပ်တို့နှင့်ထိုက်တန်သော အပြစ်ဟူသမျှ သူယူဆောင်သွားခဲ့သည်။ သုံးရက်မြောက်သောနေ့တွင် သူသည်သေခြင်းမှထမြောက် ၍အပြစ်တရားနှင့်သေခြင်းတရားတို့အပေါ်တွင်အောင်မြင်ခဲ့ကြောင်းကိုသက်သေထူသည်(ရောမ၊ ၆း၄၊၅)။ အဘယ်ကြောင့်သခင်ယေရှု ဤသို့ပြုသနည်း။ သခင်ယေရှုကဤသို့ ဖြေကြားခဲ့သည်။ “ကိုယ်အဆွေတို့ အဖို့အလို့ငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ” (ယောဟန်၊ ၁၅း၁၃) ။ သခင်ယေရှုသည် အသေခံသောကြောင့် ကျွန်ူပ်တို့အသက် ရှင်နိုင်ခြင်းဖြစ်သည်။ ကျွန်ူပ်တို့သည်သခင်ယေရှုကို ယုံကြည်၍ကျွန်ူပ်တို့ကိုယ်စား အသေခံခဲ့သည်ဟု ယုံကြည်လျှင် အပြစ်လွှတ်ခြင်းအခွင့်ရ၍ အပြစ်ဟူသမျှဆေးကြောပါလိမ့်မည်။ ထို့နောက်ကျွန်ူပ်တို့ သည်ဝိညာဉ်ရေးရာမွတ်သိပ်ခြင်းမှ လွှတ်မြောက်ပါလိမ့်မည်။ အလင်းလင်းသွားပါလိမ့်မည်။ ကြွယ်ဝ သောအသက်တာ ရယူပါလိမ့်မည်။ကျွန်ူပ်တို့၏ အကောင်းဆုံးမိတ်ဆွေနှင့် သိုးထိန်းကို ကျွန်ူပ်တို့သိရှိ ပါလိမ့်မည်။ နောင်တမလွန်ဘဝတွင် အသက်ရှင်လိမ့်မည်ဟု ကျွန်ူပ်တို့သိရှိပါလိမ့်မည်။ သခင်ယေရှု နှင့်အတူအသက်ရှင်၍ ကောင်းကင်ပေါ်တွင် ထာဝရကာလစိုးစံပါလိမ့်မည်။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာ ဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တပါတည်းသောသားတော်ကို စွန့်တော်မူသည့် တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ (ယောဟန်၊ ၃း၁၆)။
အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
6 သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7 ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
10 ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
12 သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
13 အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
14 ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
15 အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
16 အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
17 အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော

