top of page

BMBC Bylow's

ဘယ်လ်ဗျူး မြန်မာ နှစ်ခြင်းအသင်းတော်အိုဝင်စဘိုရို၊ ကင်တပ်ကီ၊ - အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ

ဘယ်လ်ဗျူး မြန်မာ နှစ်ခြင်းအသင်းတော်
အိုဝင်စဘိုရို၊ ကင်တပ်ကီ၊ - အမေရိကန်ပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ

နိဒါန်း
အိုဝင်စ‌ဘိုရို၊ ကင်တပ်ကီ၊ အမေရိကန်ပြည်ထောင်စုတွင် တည်ရှိသော ဘယ်လ်ဗျူး မြန်မာ နှစ်ခြင်းအသင်းတော် (BMBC) သည် အဓိကအားဖြင့် မြန်မာစကား‌‌‌‌‌‌‌ပြောသော ယုံကြည်သူများ၏ အသင်းတော်ဖြစ်သည်။ အသင်းတော်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်နှင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအား ပံ့ပိုးကူညီရန်ဖြစ်သည်။

အပိုဒ် ၁ - အမည်၊ အသင်းတော်၏အမှတ်တံဆိပ်နှင့် တည်နေရာ 
၁.၁။ ဤအသင်းတော်၏ တရားဝင်အမည်မှာ ဘယ်လ်ဗျူး မြန်မာနှစ်ခြင်းအသင်းတော် (BMBC) ဖြစ်သည်။
၁.၂။ အောက်ပါပုံတွင်ဖော်ပြထားသည့် အမှတ်တံဆိပ်သည် အသင်းတော် ၏ တရားဝင်အမှတ်တံဆိပ်ဖြစ်ပါသည်။

   




၁.၃။ ဤအသင်းတော်၏ တည်နေရာမှာ 1400 Breckenridge St, Owensboro,KY 42303 တွင်တည်ရှိပါသည်။

အပိုဒ် ၂ - အသင်းတော်၏ရည်မှန်းချက်များနှင့် ပန်းတိုင်များ
အသင်းတော်၏ရည်မှန်းချက်များနှင့်ပန်းတိုင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၂.၁။ အသင်းအဖွဲ့အဖြစ် စုဝေး၍ ဘုရားကိုဝတ်ပြုကိုးကွယ်ရန်။
၂.၂။ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကိုဟောကြားရန်။
၂.၃။ ဘုရားသခင်၏မဟာစေခိုင်းချက်ကို အပြည့်အဝအကောင်အထည်ဖော်၍အသင်းတော်၏ ရည်မှန်းချက်များ အရှိန်အဟုန်မြင့်မားနက်နဲစွာ ဆောင်ရွက်ရန်။
၂.၄။ အသင်းသူ/သားများအားအပြည့်အဝကူညီထောက်ပံ့ပေးရန်။    
၂.၅။ အခြားနှစ်ခြင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍အမှုတော်ဆောင်ရွက်ရန်။

အပိုဒ် ၃ - အသင်းတော်၏ယုံကြည်ခြင်းဖွင့်ဆိုချက်
၃.၁။ ကျွန်ုပ်တို့သည် သုံးပါးတစ်ဆူ ဘုရားသခင်ကို ယုံကြည်သည်။ ထိုသုံးပါးမှာ ဖခမည်းတော်၊ သားတော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် တို့ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် နေရာတိုင်းမှာရှိသောဘုရား၊အရာခပ်သိမ်းကိုသိသောဘုရား၊အရာခပ်သိမ်းကိုတတ်စွမ်းသောဘုရား၊အရာခပ်သိမ်းကိုထိန်းချုပ်သောဘုရားဖြစ်သည်။ ထိုဘုရားသခင်သည် "ချစ်ခြင်းမေတ္တာရှင်၊ အဆုံးအစမရှိသောဘုရား၊ ချီးမွမ်းကိုးကွယ်ထိုက်သောဘုရား၊ငါဆိုသည့်ငါ"ဟုဖွင့်ဟပြောဆိုခဲ့သောဘုရား ဖြစ်သည်။ 
၃.၂။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ကို မိမိကိုယ်ပိုင်ကယ်တင်ရှင်နှင့် သခင်ဖြစ်သည်ဟု ယုံကြည်သည်။
၃.၃။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ နေ့စဉ်ဝိညာဉ်ရေးရာအသက်တာခရီးစဉ်တွင် ခွန်အားပေးသူနှင့် လမ်းညွှန်မှုပေးသူ ဖြစ်သည်။ 
၃.၄။ သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြင့် ရေးသားထားသောစာဖြစ်၍၊ ကျွန်ုပ်တို့၏ ဘဝနှင့် ဆုံးဖြတ်ချက်များကို ချပြလမ်းညွှန်ရာတွင်လမ်းပြအကူအညီပေးသူဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
၃.၅။ လိင်တူအိမ်ထောင်ထိမ်းမြားခြင်းသည် သမ္မာကျမ်းစာ၏ သင်ကြားမှုများနှင့် ကိုက်ညီမှုမရှိဟု ကျွန်ုပ်တို့သည် ယူဆထားကြောင်း အတည်ပြုပါသည်။
၃.၆။ ဖခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ နာမည်တော်အားဖြင့် ဗတ္တိဇံပေးရမည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။
၃.၇။ ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခြင်း ကတိတော်နှင့် ထာဝရအသက်ဆုကျေးဇူးတော်ကို ယုံကြည်ပါသည်။
၃.၈။ ကျွန်ုပ်တို့ယုံကြည်သူအားလုံးသည် မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး ဖြစ်သည့် အားလျှော်စွာ အသင်းသူ/သားတိုင်းသည် အမှုတော်မြတ်၌ပါဝင်ဆက်ကပ်ရမည်။

အပိုဒ် ၄ - အသင်းသူ/သားဖြစ်ခြင်း
အသင်းသူ/သားတစ်ဦးချင်းသည် အောက်ပါ သတ်မှတ်ချက်များကို ပြည့်မှီရမည်။
၄.၁။ ယေရှုခရစ်တော်အား မိမိ ကယ်တင်ပိုင်ရှင်နှင့် အသက်သခင်အဖြစ် ဝန်ခံသောသူဖြစ်ရမည်။
၄.၂။ သမ္မာကျမ်းစာသည်ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းဖြင့် ရေးသားထားသောစာဖြစ်သည်ဟု အသိအမှတ်ပြုသောသူဖြစ်ရမည်။
၄.၃။ ဖခမည်းတော် ၊ သားတော် နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်ဖြင့် ဗတ္တိဇံခံရန် သဘောတူသောသူဖြစ်ရမည်။
၄.၄။ ခရစ်တော်၏ သွန်သင်ချက်နှင့်အညီ ဘဝကိုအသက်ရှင်ရန် ကတိပြုသောသူဖြစ်ရမည်။
၄.၅။ အဖွဲ့ဝင်လျှောက်လွှာကို ပြည့်စုံစွာ ဖြည့်စွက်ပြီး အခြား အသင်းတော်၊အဖွဲ့အစည်းနှင့် မသက်ဆိုင် မပါဝင်သောသူဖြစ်ရမည်။


အပိုဒ် ၅ -အသင်းသူ/သားမှရပ်စဲခြင်း
အောက်ဖော်ပြပါ အခြေအနေများအရ အသင်းတော်မှရပ်စဲခြင်းခံရမည်။
၅.၁။ အသင်းသူ/သားသည်ကွယ်လွန်သွားပါက၊ 
၅.၂။ အသင်းသူ/သား သည်အခြားအသင်းတော်သို့ ပြောင်းရွှေ့ပါက၊
၅.၃။ အသင်းသူ/သားသည် အိုဝင်စ‌ဘိုရို၊ ကင်တပ်ကီ မှ အခြား ပြည်နယ်သို့ ပြောင်းရွှေ့သွား ပါက၊
၅.၄။ အသင်းသူ/သားသည် အသင်းတော် ၏ ဝတ်ပြုကိုး ကွယ်မှုအစည်း အဝေးများသို့ တစ်နှစ်နှင့်အထက် တက်ရောက်ခြင်းမရှိခဲ့ပါက။

အပိုဒ် ၆ - အသင်းသူ/သား တာဝန်နှင့် ကတိကဝတ်များ
၆.၁။ အသင်းတော်၏အစီအစဉ်များနှင့် ဝတ်ပြုကိုးကွယ်မှု အခမ်းအနားများတွင် စိတ်အားထက်သန်စွာ နှင့် စိတ်ပါဝင်စားစွာ တက်ရောက်ပါဝင်ရမည်။
၆.၂။ ထာဝရဘုရားသခင်ထံမှရရှိသောကောင်းကြီးများမှ  ဆယ်ဘို့တဘို့ ၊ အလှူငွေများနှင့် အသင်းတော် ၏အထူးအစီအစဥ်များ (သာရေး၊နာရေး) စသည်များကိုပေးလှူရမည်။
၆.၃။ သင်းအုပ်ဆရာနှင့် သင်းထောက်လူကြီး များအားပံ့ပိုးကူညီရမည်။
၆.၄။ အသင်းတော်သို့ လာရောက်မိတ်သဟာရဖွဲ့သူများအားနွေးထွေးစွာ ကြိုဆိုရန်နှင့် အသင်းတော်၏ လှုပ်ရှားမှုတိုင်းတွင်တက်ကြွစွာ ပါဝင်ရမည်။

အပိုဒ် ၇။ အသင်းတော်ဖွဲ့စည်းပုံ


















အပိုဒ် ၈။ 
A. သင်းထောက်များအဖွဲ့  (Board of Deacons)
၈.၁။ သင်းထောက်များအဖွဲ့
    •     သင်းထောက်များ အဖွဲ့သည် အထွေထွေ အစည်းအဝေး (General Assembly) မှ ရွေးချယ်ထားသောအဖွဲ့ဝင် (၁၂) ဦးပါဝင်ရမည်။
    •    ရွေးချယ်ရာတွင် အသင်းတော်၏ စံနှုန်းနှင့်ကိုက်ညီသည့် သင်းထောက်များအားရွေးချယ်ရမည်။
၈.၂။ သင်းထောက်များ၏တာဝန်များ
    •    သင်းအုပ်ဆရာကို အနီးကပ်ဆုံးကူညီထောက်ပံ့ပေးသူများဖြစ်ရမည်။
    •    အသင်းတော်၏ အောက်ပါအစီအစဥ်များကို ကြီးကြပ်ရမည်။
(၁) ပွဲတော်မင်္ဂလာ အခမ်းအနား 
(၂) ဗတ္တိဇံ အခမ်းအနား
(၃) ဘဏ္ဍာရေး စီမံခန့်ခွဲမှု
(၄) အသင်းသူ/သားများအား အကူအညီပေးခြင်း။
၈.၃။ သင်းထောက်များသည်အသင်းတော်သို့ ဝင်မည့်အသင်းသူ/သားအသစ်များအား အတည်ပြု ရွေးချယ်ပိုင်ခွင့်နှင့်စီစစ်ပိုင်ခွင့်ရှိသည်။
၈.၄။ သင်းထောက်များ၏သက်တမ်းသည် (၂) နှစ်ဖြစ်သည်။ 

B. သင်းထောက်များအဖွဲ့ ၏ ဖွဲ့စည်းပုံ
၈.၅။ သင်းထောက်များအား အသင်းတော်၏ အထွေထွေအစည်းအဝေး၊ နှစ်ပတ်လည်အစည်းအဝေးတွင်ရွေးချယ်ရမည်။
၈.၆။ သင်းထောက်များကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
(၁) ဥက္ကဌ
(၂) ဒု ဥက္ကဌ
(၃) အတွင်းရေးမှူး
(၄) တွဲဖက်အတွင်းရေးမှူး
(၅) ဘဏ္ဍာရေးမှူး
(၆) စာရင်းကိုင် - ၁
     စာရင်းကိုင် - ၂
(၇) အဖွဲ့ဝင် - ၁              
      အဖွဲ့ဝင် - ၂                    
      အဖွဲ့ဝင် - ၃

   ဥက္ကဌ
• ဥက္ကဌသည် အသင်းတော်၏စီမံခန့်ခွဲမှုအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။
• ဥက္ကဌသည် BMBC ဥပဒေများနှင့် အညီအသင်းတော် ကို ဦးဆောင်ရမည်။
• ဥက္ကဌသည်အသင်းတော်၏ အစည်းအဝေးများကို ဦးဆောင်ရမည်။
• ဥက္ကဌသည် လိုအပ်သော အခါတွင် အရေးပေါ်အစည်းအဝေးများကို ဖိတ်ခေါ်နိုင်သည်။
• ဥက္ကဌသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများလုံးဝမပြုလုပ်ရ။ 

ဒု-ဥက္ကဌ
• ဒု-ဥက္ကဌသည် ဥက္ကဌ မရှိသောအချိန် သို့မဟုတ် ဥက္ကဌ ၏တာဝန်များအား မဆောင်ရွက်နိုင်သော အခြေအနေများတွင် ဥက္ကဌ၏တာဝန်များကို တာဝန်ယူဆောင်ရွက်ရမည်။
မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။
အတွင်းရေးမှူး 
• အတွင်းရေးမှူး သည် အစည်းအဝေးတိုင်း၏ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်သောသူဖြစ်ရမည်။
• အတွင်းရေးမှူး သည် အစည်းအဝေး မဲအရေအတွက်ကိုစီစစ်သူဖြစ်ရမည်။
• အတွင်းရေးမှူး သည် ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် အစည်းအဝေးများကိုခေါ်ဆိုခွင့်ရှိသည်။
• အတွင်းရေးမှူး သည် အသင်းတော်နှင့်ပတ်သက်သောသတင်းများကိုကြော်ငြာပေးရမည်။
• အတွင်းရေးမှူး သည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။ 
တွဲဘက်-အတွင်းရေးမှူး
• တွဲဖက်အတွင်းရေးမှူး သည် အတွင်းရေးမှူး မရှိသောအခိုက်အတန့် ၌ အတွင်းရေးမှူး အစား  လုပ်ငန်းများကို ဆောင်ရွက်ရမည်။ 
• တွဲဖက်အတွင်းရေးမှူး သည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားလုပ်ခြင်းများလုံးဝ မပြုလုပ်ရ။
ဘဏ္ဍာရေးမှူး
• ဘဏ္ဍာရေးမှူး လက်ထဲတွင် $3,000 တိတိပုံမှန်ထားရှိရမည်။(အရေးပေါ်အတွက်)
• ဘဏ္ဍာရေးမှူး သည်မိမိလက်ဝယ်ထားရှိသော $3,000 မတော်တဆ ပျောက်/ဆုံးရှုံးခဲ့ပါက သင်းထောက်များ အဖွဲ့မှကိုင်တွယ်ဖြေရှင်းပေးရမည်။ 
• ဘဏ္ဍာရေးမှူး သည် အသင်းတော်၏ ငွေစာရင်းရှင်းတမ်းကို ( ၆) လတစ်ကြိမ် အသင်းတော်အား တင် ပြရမည်။
• ဘဏ္ဍာရေးမှူး သည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများတွင် ပါဝင်ခြင်းလုံးဝမပြုလုပ်ရ။။

စာရင်းကိုင် 
• စာရင်းကိုင် သည် ဘဏ္ဍာရေးမှူး အား လိုအပ်သောအခါ၌ အထောက်အကူ ပြုလုပ်နိုင်ရမည်။
• အသင်းတော်၏ ပိုင်ဆိုင်မှုများ၊ မီးဖိုချောင်ပစ္စည်း၊ ဂီတကိရိယာများနှင့် ဘုရားကျောင်းဘတ်စ်ကား အစရှိသည့် စုစုပေါင်းစာရင်းကို သိမ်းဆည်း၍ မှတ်တမ်းတင်ရမည်။
• စာရင်းကိုင်သည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများတွင် ပါဝင်ခြင်းလုံးဝမပြုလုပ်ရ။။

၉. ကော်မတီစုံ (EC) ၏တည်ဆောက်ပုံ
• ကော်မတီစုံ (Executive Committee) အားအထွေထွေ အစည်းအဝေး (General Assembly) တွင်ရွေးခြယ်ရပါမည်။
• ကော်မတီစုံ (Executive Committee) ၏ သက်တမ်း သည် ၂နှစ်ဖြစ်ပါသည် ။ ကော်မတီစုံ (Executive Committee) တွင် အောက်ပါ ကော်မတီများပါရှိရပါမည်။
(၁) Deaconsကော်မတီ
(၂) သာသနာကော်မတီ
(၃)အမျိုးသမီးကော်မတီ
(၄)လူငယ်ကော်မတီ
(၅) မြန်မာစာကော်မတီ
(၆) Sunday Schoolကော်မတီ
(၇) Musicကော်မတီ
(၈)အဆောက်အဦးကော်မတီ

အပိုဒ် ၁၀: ကော်မတီစုံ (EC) ၏တာဝန်များ
၁။ အမျိုးသမီးအဖွဲ့
• အမျိုးသမီးအဖွဲ့တွင် အဖွဲ့ဝင် (၇) ဦး ပါဝင်ရမည်။
• အမျိုးသမီးများအဖွဲ့သည် သင်းထောက်များအဖွဲ့ ၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။
အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ အမျိုးသမီးအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။။
၂။ လူငယ်အဖွဲ့
• လူငယ်အဖွဲ့တွင် အဖွဲ့ဝင် (၇) ဦး ပါဝင်ရမည်။
• လူငယ်အဖွဲ့သည် သင်းထောက်များအဖွဲ့ ကွပ်ကဲမှုအောက်တွင် ရှိရမည်။
အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ လူငယ်အဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။။

၃။ သာသနာကော်မတီ
• သာသနာကော်မတီတွင် အဖွဲ့ဝင် (၄) ဦး ပါဝင်ရမည်။
• သာသနာအဖွဲ့သည် သင်းထောက်များအဖွဲ့ ၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။
အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ သာသနာအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။။
၄။ Sunday School ကော်မတီ 
• Sunday School ကော်မတီ တွင် အတန်းဆရာ/မ (၅) ဦး ပါဝင်ရမည်။
• Sunday School ကော်မတီ သည် သင်းထောက်များအဖွဲ့ ၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။
အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ Sunday School အဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားလုပ်ခြင်းများ လုံးဝမပြုလုပ်ရ။။

၅။ မြန်မာစာအဖွဲ့
• မြန်မာစာအဖွဲ့တွင် အတန်းဆရာ/မ (၃) ဦး ပါဝင်ရမည်။
• မြန်မာစာအဖွဲ့သည် သင်းထောက်များအဖွဲ့ ၏ကွပ်ကဲမှုအောက်တွင် ရှိရမည်။ အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ အမျိုးသမီးအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။။

၆။ Music အဖွဲ့
• Music အဖွဲ့တွင် ဂီတခေါင်းဆောင်တစ်ဦးနှင့် Music အဖွဲ့ ပါဝင်ရမည်။
• Music အဖွဲ့သည် သင်းထောက်များအဖွဲ့ ၏ကွပ်ကဲမှုအောက်တွင် ရှိရမည်။ အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ Music အဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။။
ရ။ ပန်းထိုးအဖွဲ့
• ပန်းထိုးအဖွဲ့တွင် အဖွဲ့ဝင် (၃) ဦး ပါဝင်ရမည်။
• ပန်းထိုးအဖွဲ့သည် သင်းထောက်များအဖွဲ့ ၏ကွပ်ကဲမှုအောက်တွင် ရှိရမည်။
အသင်းတော် (Deacons Board) များ၏ခွင့်ပြုချက်မရှိပဲ ရန်ပုံငွေရှာခြင်း၊ အစည်းအဝေး၊ မိတ်သဟာရဖွဲ့ခြင်း၊ တရားဟောပြောပွဲ (Crusade) နဲ့ Picnic ထွက်ခြင်းများမပြုလုပ်ရ။ ပန်းထိုးအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် လောင်းကစားခြင်းများ လုံးဝမပြုလုပ်ရ။။

အပိုဒ် ၁၁: သင်းအုပ်ဆရာ၏ တာဝန်ဝတ္တရားများ
သင်းအုပ်ဆရာသည်အသင်းတော်၏ ဝိညာဥ်ပိုင်းဆိုင်ရာ ကြီးထွားတိုးတက်မှုနှင့် ကျန်းမာမှု ပိုင်းဆိုင်ရာများအတွက် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်။ 
၁၁.၁. အသင်းတော်ထဲ၌ တရားဟောခြင်း၊ သင်တန်းပေးခြင်း၊ ပွဲတော်ပေးခြင်း၊ ဆုတောင်းပေးခြင်း၊ သာသနာရေးများတွင် ပါဝင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
၁၁.၂. ပညာရေးအရည်အချင်းအတွက် အနိမ့်ဆုံး B.D. (Bachelor of Divinity) သို့မဟုတ် M.Div. (Master of Divinity) ရှိရမည်။ 

အပိုဒ် ၁၂: သင်းအုပ်ဆရာ၏ တာဝန်များ 
၁၂.၁. သင်းအုပ်ဆရာသည် အသင်းသူအသင်းသား တိုင်း ၏ ကျင့်ဝတ်ကောင်းမွန်မှု ၊ စိတ်ဓာတ်မြင့်မား မှု နှင့် ဝိညာဉ်ရေးရာတိုးတက်မှုအတွက်အကောင်းဆုံးကြိုးစားလုပ်ဆောင်ရမည်။
၁၂.၂. သင်းအုပ်ဆရာသည် ဝတ်ပြုအစည်းအဝေးများတွင် တရားဟောခြင်း၊ သင်တန်းပေးမှု နှင့် လမ်းညွှန်မှုများ ၊ ပွဲတော်ပေးမှုများ ၊ ဆုတောင်းအစည်းအဝေးတွင် ပါဝင်မှုများ ကို ဆောင်ရွက်ရမည်။
၁၂.၃. သင်းအုပ်ဆရာသည် ထောင်ကျနေသော အသင်းသူအသင်းသားများ ၊ ဆေးရုံတက်နေ သော အသင်းသူအသင်းသားများ ၊ သို့မဟုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ၊ နာမကျန်း ဖြစ်နေသော အသင်းသူအသင်းသားများထံအလည်အပတ်သွား၍ ဆုတောင်းအကူအညီ ပေးရမည်။
၁၂.၄. သင်းအုပ်ဆရာသည် သူ၏လုပ်ဆောင်ချက်များအားလုံး (Executive Committee) ထံ လေးလတစ်ကြိမ် အစီရင်ခံစာရေးသား တင်ပြရမည်။
၁၂.၅. သင်းအုပ်ဆရာသည် သင်းထောက်များအဖွဲ့ နှင့် အသင်းတော် ၏ အထူးရက်များ၊ စီမံကိန်းများကို ဆွေးနွေး၍ အဆိုပါ နှစ်၏ အရေးကြီးသော နေ့ရက်များ၊ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ရမည်။
၁၂.၆. သင်းအုပ်ဆရာသည်အသင်းတော် ပြင်ပသို့ အမှုဆောင်လိုလျှင် သင်းထောက်များအဖွဲ့ နှင့် ဦးစွာဆွေးနွေး၍ သင်းထောက်များအဖွဲ့ ၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်ရမည်။
၁၂.၇. သင်းအုပ်ဆရာသည် အသင်းတော်တွင် အချိန်ပြည့် လုပ်ဆောင်နိုင်ရမည်။
၁၂.၈. သင်းအုပ်ဆရာသည် အသင်းသူအသင်းသားများ အိမ်သို့ အနည်းဆုံး သုံးလတစ်ကြိမ် အလည်အပတ်သွား ၍ ဆုတောင်းခြင်းများလုပ်ဆောင်ရမည်။

အပိုဒ် ၁၃: အသင်းတော်၏ ပိုင်ဆိုင်မှုများ
၁။ ဘုရားကျောင်းအဆောက်အဦး
၂။ စက်ပစ္စည်းကိရိယာများ
၃။ မီးဖိုချောင်ပစ္စည်းများ
၄။ အသင်းတော်မော်တော်ယာဥ် (Bus) 
မှတ်ချက်: သင်းထောက်များအဖွဲ့သည် အသင်းတော်၏ ပိုင်ဆိုင်မှုများ ငှားရမ်းခြင်း အတွက် ဆုံးဖြတ်ချက်ချရန် တာဝန်ရှိသောသူဖြစ်သည်။ ငှားရမ်းသည့် ပစ္စည်းကိရိယာများ ပျက်စီး ဆုံးရှုံး ပါက ပျက်စီး ဆုံးရှုံးခြင်း၏တန်ဖိုးအား ငှားရမ်းသူမှအစားထိုးလျှော်ပေးရပါမည်။

အပိုဒ် ၁၄: အသင်းတော်၏ ဘဏ္ဍာ(ငွေ) 
၁၄.၁. အသင်းတော်၏ ဘဏ္ဍာ(ငွေ)အား မည်သူတစ်ဦးတစ်ရောက် သို့မဟုတ် မိသားစုအား ချေးငှားခြင်း/အလွဲသုံးစားခြင်းလုံးဝမပြုလုပ်ရ။ 
၁၄.၂. အသင်းတော်မှရပ်စဲခြင်းခံရသူ (သို့) ထွက်သောမည်သူတစ်ဦးတစ်ရောက်မဆို အသင်းတော်မှ အကျိုးခံစားခွင့်များနှင့်အခွင့်အရေးများအား လုံးဝခံစားခွင့်မရှိပါ။
၁၄.၃. အသင်းတော်ပြိုကွဲ(ဖျက်သိမ်း) မှုရှိခဲ့ပါက ကျန်ရှိသောအသင်းတော်ငွေအားလုံးအား အကျိုးအမြတ်မယူသော အဖွဲ့အစည်း (non-profit organization) ထံသို့ လှူဒါန်းသွားမည်ဖြစ်သည်။

အပိုဒ် ၁၅: အထွေထွေအစည်းအဝေး (General Meeting/Assembly)
အထွေထွေအစည်းအဝေး (General Assembly) သည် အသင်းတော်တွင်အာဏာ အမြင့် ဆုံးရှိ ၍ အုပ် ချုပ်မှုနှင့်ဆိုင်သောအကြောင်း အရာများအပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ချရာတွင် တာဝန်ရှိသည်။
၁၅.၁. အစည်းအဝေးအား အသင်းသူအသင်းသားများ ထက်ဝက်ထက်ပို ၍ တက်ရောက် မှသာ ပြုလုပ်နိုင်သည်။ လူဦးရေသတ်မှတ်မှု (Quorum)ပြည့်မှီမှုမရှိပါက အစည်းအဝေးကို ပြန်လည် ခေါ်ဆို ရမည်ဖြစ်သည်။
၁၅.၂. ဒုတိယအကြိမ် လူဦးရေသတ်မှတ်မှု (Quorum)ပြည့်မီ မှုမရှိ သော်လည်း အစည်းအဝေးအား ဆက်လက်လုပ်ဆောင်ခြင်းအခွင့်ရှိသည်။ အစည်းအဝေး တွင်တက်ရောက်သည့် အသင်းသူအသင်း သားများ၏ အဆုံးဖြတ်ချက်များကို လက်ခံပြီး အတည်ပြုရပါမည်။
၁၅.၃. အစည်းအဝေးအစပိုင်းတွင် အတွင်းရေးမှူး သည် ယခင်အစည်းအဝေး ၏မှတ်တမ်းများကို ဦးစွာတင်ပြရမည်။ အစည်းအဝေးတွင်ဆွေးနွေးမည့်အကြောင်းအရာများနှင့် ယခင်အစည်းအဝေးမှမဖြေ ရှင်းရသေးသောအကြောင်းအရာများအားလည်း တင်ပြရမည်။
၁၅.၄. အသင်းသူအသင်းသားတိုင်းသည် ဆွေးနွေး ရန် အကြောင်း အရာ များ သို့မဟုတ် အကြံပေးချက်များအား အမှုဆောင်အဖွဲ့သို့ အစည်းအဝေး မပြုလုပ်မီ တင်ပြနိုင်ပါသည်။
၁၅.၅. အစည်းအဝေးပြုလုပ်မည့်အစီအစဥ်ကို အသင်းသူအသင်းသားများအား အနည်း ဆုံး တစ်ပတ်ကြိုတင် အကြောင်းကြားရပါမည်။
၁၅.၆. အစည်းအဝေးတွက်သတ်မှတ်ထားသော ရက်စွဲနှင့်အချိန်အားတိကျစွာလိုက်နာရပါမည်။
၁၅.၇. အစည်းအဝေးအတွင်း မိမိ၏ လိုအပ်ချက်များ သို့မဟုတ် ထောက်ခံချက်များကို တင်ပြလိုသော အသင်းသူအသင်းသားတိုင်းသည် မတ်တတ်ရပ်၍ တင်ပြရပါမည်။
၁၅.၈. ဆွေးနွေးမည့်အကြောင်း အရာ (Agenda) တစ်ခုတွင် လူတစ်ဦးသည် နှစ်ကြိမ်သာ တင်ပြခွင့်ရှိသည်။
၁၅.၉. ဆွေးနွေးမည့်အကြောင်း အရာ တစ်ခု ပြီးမှသာ အခြား ဆွေးနွေးမည့်အကြောင်းအရာများအား ဆွေးနွေးရပါမည်။
၁၅.၁၀. အစည်းအဝေးအတွင်း ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်များအား လျှို့ဝှက်ထားရပြီး အစည်းအဝေး ပြင်ပသို့ပြောဆိုခြင်းမပြုလုပ်ရ။
၁၅.၁၁. အစည်းအဝေးတွင် အများ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်ချရပါမည်။ 
၁၅.၁၂. အစည်းအဝေးအား မတက်ရောက်နိုင်သောသူရှိပါက ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးအား အစည်းအဝေး မတိုင်မီ အသိပေးအကြောင်းကြားရပါမည်။
၁၅.၁၃. အစည်းအဝေးအတွင်း ဆွေးနွေးမှုများအား ဦးရာစနစ်ကျင့်သုံး၍ဆွေးနွေးဆုံးဖြတ်ရပါမည်။
၁၅.၁၄. အဆုံးအဖြတ်လုပ်ရန်လိုအပ်ပါက အတွင်းရေးမှူးသည်တက်ရောက်သူလူဦးအားရေတွက်၍ မဲများဝေပြီးမဲရလဒ်ဖြင့်အဆုံးအဖြတ်ပြုရပါမည်။
၁၅.၁၅. မှတ်တမ်းပြုထားသည့် အခြေခံဥပဒေများအား (Executive Committee) အဖွဲ့ဝင်သုံးပုံနှစ်ပုံ၏ သဘောတူညီမှုရှိမှသာပြန်လည်ပြုပြင်နိုင်သည်။
မှတ်ချက်။   ။တစ်ဦးတစ်ယောက်၏ဆန္ဒဖြင့်ပြုပြင်ခွင့်မပြုရ။
၁၅.၁၆. အစည်းအဝေးပြီးဆုံးသောအခါ အတွင်းရေးမှူးမှ အစည်းအဝေးမှတ်တမ်းများကို  ပြန်လည်ဖတ်ကြားပြီးမှအတည်ပြုရမည်။



အပိုဒ် ၁၆: စုပေါင်းအစည်းအဝေး (Combine Meeting)
အပိုဒ် ၁၇: သင်းထောက်များအစည်းအဝေး (Board of Deacons)
အပိုဒ် ၁၈: အသင်းသူ/သား သာရေးနာရေးခံစားခွင့်

အသင်းသူ/သားတစ်ဦး သေဆုံးပါက၊ $10,000 အသုဘအသုံးစရိတ်အဖြစ် ကူညီပေးမည်ဖြစ်သည်။
အပိုဒ် ၁၉. အခြေခံဥပဒေပြောင်းလဲပြုပြင်မှုများ 
၁၉.၁. အခြေခံဥပဒေအသစ် တင်ပြလိုသောသူရှိပါက  အနည်းဆုံးသုံးပတ်မတိုင်မီ တင်ပြရန်လိုအပ်ပါသည်။
၁၉.၂. အစည်းအဝေးတွင် တက်ရောက်သူသုံး ပုံနှစ်ပုံ (၂/၃) သဘောတူညီမှု ရရှိမှသာပြုပြင်ပြောင်းလဲခွင့်ရှိသည်။
၁၉.၃. အခြေခံဥပဒေပြင်ဆင်မှုများကို အထွေထွေအစည်းအဝေးတွင်သာ ဆွေးနွေး ၍ ပြုပြင်ပြောင်းလဲခွင့်ရှိသည်။

309365180_461906495983085_422543004503275200_n.jpg
bottom of page