top of page

တစ်ကြိမ်ကယ်တင်ခြင်းရရှိလျှင် ထာဝရအတွက် လုံလောက်သလော။

မေးခွန်း -  တစ်ကြိမ်ကယ်တင်ခြင်းရရှိလျှင် ထာဝရအတွက် လုံလောက်သလော။

အဖြေ - ပုဂ္ဂိုလ်တစ်ဦးသည် တစ်ကြိမ်ကယ်တင်ခြင်းရရှိသောအခါ ထာဝရအတွက် လုံလောက်ပါသလား။ လူတွေက သခင်ယေရှုကို မိမိ ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံလာကြ သော အခါ သူတို့သည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ကာ သူတို့ရရှိသောကယ်တင်ခြင်းတရား သည် ထာဝရအတွက်လုံလောက်သည်ဟု အာမခံချက်ရှိပါသည်။ သမ္မာကျမ်းစာထဲတွင် ကယ်တင်ခြင်း သည် ထာဝရလုံခြုံမှုရှိကြောင်းကို ဖော်ပြချက်များစွာရှိသည်ကို တွေ့ရှိနိုင်သည်။ (က) ရောမ၊ ၈း၃၀ တွင် “ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏” ဟုဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးကောက်သော အချိန်မှစ၍ သူကျိမ်းဝပ် တော်မူသော ကောင်းကင်ဘုံမှာ ကျွနု်ပ်တို့ကို ချီးမြှောက်သည်ဟု ဤကျမ်းပိုဒ်က ဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွနု်ပ်တို့၏ကယ်တင်ခြင်းစိတ်ချမှုကို ကောင်းကင်ဘုံတွင် ထားရှိခဲ့ပြီဖြစ်သော ကြောင့် တနေ့နေ့ကျရင် ယုံကြည်သူများအား ဘုရားသခင်၏ချီးမြှောက်ခြင်းကို ဘယ်သူကမှ ပိတ်ပင် တားဆီးနိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် ဖြောင့်မတ်ခြင်းရရှိသောအခါ ထိုသူ၏ကယ်တင်ခြင်းသည် လည်း ထာဝရစိတ်ချလုံခြုံမှုရှိသည်။ ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ချီးမြှောက်ခြင်းခံရပြီဖြစ် သောကြောင့် ထိုသူရရှိသော ကယ်တင်ခြင်းသည် လုံခြုံစိတ်ချမှုရှိသည်။

(ခ) ရောမ၊ ၈း၃၃-၃၄ တွင် တမန်တော်ရှင်ပေါလုက အရေးကြီးသော မေးခွန်းနှစ်ခုကို မေးမြန်းထားပါသည်။ “ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်တင် မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား၊ အဘယ်သူနည်း။ အသေခံ၍ ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လကျ်ာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား၊ ခရစ်တော်ပေတည်း”။ အဘယ်သူသည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည်နည်း။ သခင်ယေရှုသည် ကျွနု်ပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသောကြောင့် မည်သူမည်ဝါက ဘုရားသခင်၏ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ မည်သူက ကျွနု်ပ်တို့ကို တရားစီရင်နိုင်မည်နည်း။ ကျွနု်ပ်တို့အတွက် အသေခံသော သခင်ယေရှုခရစ်တော် သည် တရားစီရင်သူဖြစ်သောကြော် မည်သူမည်ဝါက ကျွနု်ပ်တို့ကို တရားစီရင် နိုင်မည်မဟုတ်ပေ။ ကျွနု်ပ်တို့သည် ကယ်တင်ရှင်သည် ကျွနု်ပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသူနှင့် လူတိုင်းကို တရားစီရင်မည့်တရားသူကြီးဖြစ်သည်။

(ဂ) လူတွေက သခင်ယေရှုကို ယုံကြည်သောအခါ ဒုတိယမွေဖွါးခြင်းရရှိသည် (ယော၊ ၃း၃၊ တိတု၊ ၃း၅)။ ခရစ်ယာန်တစ်ဦးအနေဖြင့်၊ မိမိရရှိသော ကယ်တင်ခြင်း ဆုံးရှုံးနိုင်လျှင် ထိုသူသည် ကယ် တင်ခြင်းစိတ်ချမှု မရရှိခြင်းဖြစ်သည်။ သမ္မကျမ်းစာထဲတွင် ဒုတိယမွေးဖွါးခြင်းသည် ကုန်းဆုံးနိုင်မည် ဟု ဖော်ပြချက်မရှိပေ။ (ဃ) သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများထဲတွင် ကျိမ်းဝပ်လျက် ရှိ၍ (ယော၊ ၁၄း၁၇၊ ရောမ၊ ၈း၉)၊ ယုံကြည်သူများကို ခရစ်တော်၏ခန္ဓာကိုယ်ထဲ၌ ဗတ္တိဇံ ပေးလျက်ရှိ သည် (၁ကော၊ ၁၂း၁၃)။ ယုံကြည်သူတစ်ဦးသည် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်လျှင် ထိုသူ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်မကျိမ်းဝပ်ခြင်း၊ ခရစ်တော်၏ခန္ဓာကိုယ်မှ နှုတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။

(င) ယော၊ ၃း၁၅ ထဲတွင် သခင်ယေရှု ခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် “ထာ ဝရအသက်” ရရှိလိမ့်မည် ဟုဖော်ပြထားပါသည်။ မိတ်ဆွေသည် ယနေ့ကယ်တင်ခြင်းစိတ်ချမှု ရရှိခဲ့ပြီး၊ မနက်ဖြန် ဆုံးရှုံးသွားလျှင် “ထာဝရ” ဟု မခေါ်နိုင်ပေ။ ထို့ကြောင့်မိတ်ဆွေသည် မိမိရရှိခဲ့ သော ကယ်တင်ခြင်းတရားကို ဆုံးရှုံးနိုင်လျှင် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသော ထာဝရအသက် တွက် ဂတိပြုထားချက်တို့သည် မှားယွင်းခြင်းသက်သက် ဖြစ်ပါသည်။ (စ) ဤအကြောင်းအရာနှင့် ပတ်သက်၍ နောက်ဆုံးအနေဖြင့် သမ္မာကျမ်းစာဖော်ပြချက်ကို အကောင်းဆုံးကြည့်ကြပါစို့။ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့်၊ ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏” (ရောမ၊ ၈း၃၈-၃၉)။ မိတ်ဆွေကို ကယ်တင်သောဘုရားသည် မိ်တ်ဆွေကို စောင့်ရှောက်သောဘုရား သခင်ဖြစ်သည်။ ကျွနု်ပ်တို့သည် တစ်ကြိမ်ကယ်တင်ခြင်းစိတ်ချမှုရရှိလျှင် ထာဝရအတွက် လုံလောက် သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ထာဝရအတွက်လုံခြုံစိတ်ချမှုရှိသည်။

အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
6 သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7 ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
10 ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
12 သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
13 အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
14 ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
15 အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
16 အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
17 အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော

bottom of page