top of page

မိခင်များနေ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်း

 

ယနေ့ခေတ်တွင်မူ စိန့်အင်ဒရူးမက်သဒစ်အသင်းတော် ခရစ်ယာန်ဘုရားကျောင်းသည် “အပြည်ပြည်ဆိုင်ရာမိခင်များနေ့” ကို အထွတ်အမြတ်ထားသော၊ ပထမဦးဆုံး မိခင်များနေ့ ကျင်းပရာ ခရစ်ယာန်ဘုရားရှိကျောင်းအဖြစ် ထင်ရှားသည်။ အကယ်စင်စစ် အမေရိကန်ပြည်ထောင်စု၌ မိခင်များနေ့ကို အစိုးရအသိအမှတ်ပြုသည့် တရားဝင် အားလပ်ရက်အဖြစ် ဖြစ်မြောက်လာရေးအတွက် ဆရာမကြီး အန်နာ မာရီယာ ဂျာဗစ်စ် (Anna Maria Jarvis) ကြိုးပမ်းအားထုတ်ခဲ့သည်မှာ ၁၉၀၅ ကတည်းကပင်ဖြစ်သည်။ ထိုနှစ်သည် သူမ၏ မိခင် Ann Reeves Jarvis ခရစ်တော်၌ အိပ်ပျော်သွားသော(ဆုံးပါး)နှစ် ဖြစ်ပါသည်။ သူမ၏ မိခင်သည် Mother’s Day Work Clubs ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး သူမ၏ လုပ်ဖော်ဆောင်ဖက်များနှင့်အတူ အမေရိကန်ပြည်တွင်းစစ် (American Civil War)အတွင်း နှစ်ဘက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများအား ပြုစုစောင့်ရှောက်ရန်အတွက် “Mothers Friendship Day” ကိုလည်း ၁၈၆၈ ခုနှစ်တွင် စီစဉ်ခဲ့သေးသည်။  ဆရာမကြီး အန်နာ မာရီယာ ဂျာဗစ်စ် (Anna Maria Jarvis) သည် ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ (Peace Activist) တစ်ဦးလည်းဖြစ်သည်။ သူမသည် သူမ၏မိခင် အစပြုခဲ့သော Mother’s Day Work Clubs နှင့် မွန်မြတ်သောပရဟိတအလုပ်များကို လုပ်ကိုင်ရင်း သူမ၏ မိခင်၏ဂုဏ်ကျေးဇူးများကိုလည်း ထုတ်ဖော်သည့် နေ့ထူးနေ့မြတ်ပေါ်ပေါက်လာနိုင်ရန်လည်း မျှော်လင့်လျက်ရှိသည်။ ထို့ပြင်ဆရာမကြီးသည် မိမိ၏ မိခင်တစ်ဦးတည်းအတွက်သာမဟုတ်ဘဲ ကမ္ဘာပေါ်မှာရှိသည့် အမေများအားလုံးအတွက် ဂုဏ်ပြုသောနေ့အဖြစ် ပေါ်ထွက်လာရန်လည်း ဆန္ဒပြင်းပြနေခဲ့သည်။

မိခင်များနေ့ စတင်ကျင်းပရာ Andrews Methodist Episcopal Church

ဆရာမကြီးက ဤကဲ့သို့ ပြောဖူးသည်။ “အမေဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှလူတွေထက် သင့်ကို ပိုပြီးဂရုစိုက်နိုင်တဲ့လူသား၊ သင်လိုအပ်သမျှ ဖြည့်ဆည်းပေးရန်အသင့်ရှိနေသော ပုဂ္ဂိုလ်။” ဟူ၍ပင်ဖြစ်သည်။

၁၉၀၈ ခုနှစ်တွင်မူ၊ သူမ အဆိုပြုထားသော မိခင်များကို ဂုဏ်ပြုသည့် တရားဝင် အားလပ်ရက်အဖြစ် အစိုးရမှ အသိအမှတ်ပြုရေးကို အမေရိကန်ဥပဒေပြုလွှတ်တော် (U.S. Congress) မှ ပယ်ချခဲ့သည်။ ဒါ့အပြင် “မိခင်များနေ့” ကျင်းပလိုပါက  “ယောက္ခမများနေ့”  (Mother-In-Law’s Day) ဟူ၍လည်း ရှိသင့်သည် မဟုတ်လားဟု လှောင်ပြောင်ခဲ့ပါသေးသည်။ သို့သော်လည်း ဆရာမကြီး၏ မလျှော့သောဇွဲဖြင့် မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၁၀ ခုနှစ်တွင် ဆရာမကြီး၏ဇာတိနယ်ဖြစ်သည့် West Virginia ပြည်နယ်မှ စတင်ကာ ၁၉၁၁ ခုနှစ်အရောက်တွင်မူ အမေရိကန်ပြည်နယ်အားလုံးမှ မိခင်များနေ့ အားလပ်ရက်အဖြစ် ဆင်ယင်ကျင်းပခဲ့ကြသည်။ ၁၉၁၄ ခုနှစ်တွင်မူ အမေရိကန်ပြည်ထောင်စု၏ ၂၈ ဆက်မြောက်သမ္မတဖြစ်သူ သမ္မတကြီး Thomas Woodrow Wilson (1856 –  1924) ကိုယ်တိုင် သမ္မတလက်မှတ်ရေးထိုးကာ နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့အား မိခင်များနေ့ (Mother’s Day) အဖြစ် အမေများအားလုံးကို ချီးမွမ်းဂုဏ်ပြုရန် နိုင်ငံတော်၏ အမျိုးသားအားလပ်ရက်(National Holiday) အဖြစ် တရားဝင်သတ်မှတ်ခဲ့တော့သည်။

မိခင်များနေ့ စာလုံးပေါင်း

မိခင်များနေ့ စာလုံးပေါင်းဟုဆိုရာဝယ် အင်္ဂလိပ်စာလုံးပေါင်းကိုသာ ဆိုလိုသည်။ မြန်မာစကားဖြင့် မိခင်များနေ့ဟု အများကိန်း ပိုင်ဆိုင်ခြင်းပြ (Plural possessive) အနေနဲ့ ဖြင့်သုံးနှုန်းသော်လည်း “မိခင်များနေ့” ကို စတင်တည်ထောင်သူ ဆရာမကြီး အန်နာ မာရီယာ ဂျာဗစ်စ် (Anna Maria Jarvis) က အနည်းကိန်း ပိုင်ဆိုင်ခြင်းပြ (Singular possessive) အနေနဲ့သာ သုံးနှုန်းပေးဖို့ရန် မေတ္တာရပ်ခံခဲ့သောကြောင့် ကျွန်ုပ်တို့သည်  “မိခင်များနေ့” ကို အင်္ဂလိပ်လို ရေးသည့်အခါတိုင်း ဆရာမကြီး၏ မေတ္တာရပ်ခံချက်ကို လေးစားသည့်အနေဖြင့် (Mother’s Day) ဟုပဲ အနည်းကိန်း ပိုင်ဆိုင်ခြင်းပြအနေဖြင့်သာ သုံးနှုန်းသင့်ပါသည်။ မြန်မာလို အများကိန်းသုံးထားသောကြောင့် အင်္ဂလိပ်လို အများဆိုင်အဖြစ် (Mothers’ Day) ဆိုပြီး မသုံးနှုန်းသင့်ပါ။ ခရစ်နှစ် ၁၉၁၂ ခုနှစ်တွင် ဆရာမကြီးမှ “နိုင်ငံတကာ အမေ့နေ့ အသင်း” (Mother’s Day International Association) ကို တည်ထောင်ခဲ့ပြီး ထိုအသင်း၏ Trademark Phrase မှာ “Second Sunday in May, Mother’s Day, Anna Jarvis, Founder” ဟူ၍ဖြစ်သည်။ ထို့အပြင် ၁၉၁၄ ခုနှစ်တွင် သမ္မတကြီး Thomas Woodrow Wilson မှ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်လည်း Mother’s Day ဟူ၍သာ စာလုံးပေါင်းထားပါသည်။ ဆရာမကြီးမှ အထူးသဖြင့် မေတ္တာရပ်ခံသည်မှာ Mother’s Day အဖြစ် သုံးနှုန်းရခြင်းသည် အိမ်ထောင်မိသားစုတစ်စုစီတိုင်းက မိမိတို့ရဲ့ မိခင်၏ဂုဏ်ကျေးဇူးကို ထုတ်ဖော်စေလိုသည့် ၊ ဂုဏ်ပြုစေလိုသည့် မွန်မြတ်သည့် စိတ်ကူးစိတ်သန်းကြောင့်ဖြစ်သည်။ အိမ်ထောင်မိသားစုတိုင်းရှိ သားသမီးများကို မိမိတို့၏ မိခင်နှင့် ပို၍ နီးစပ်စေလိုသောကြာင့်ဖြစ်သည်။ မိခင်များအားလုံးကို ဂုဏ်ပြုသည့်နေ့မှန်သော်လည်း ကိုယ့်ရဲ့မိခင်ရဲ့ ကျေးဇူးကို ဦးစွာ အောက်မေ့သတိရဖို့ရည်ရွယ်ခဲ့ဟန်တူသည်။

မြန်မာနိုင်ငံ၌ မိခင်များနေ့ဖြစ်ပေါ်လာပုံ

မြန်မာနိုင်ငံ၌ ခရစ်တော်ကို ယုံကြည်သက်ဝင်သူ ခရစ်ယာန်များအကြားတွင် မိခင်များနေ့အား ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းကြာညောင်းခဲ့လေပြီ။ အထူးသဖြင့် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်များတွင် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်သည့်အချိန်တွင် မိခင်များအတွက် ဂုဏ်ပြုသီချင်းများကို လူငယ်များမှ သီကျူးဆိုခြင်း၊ မိခင်များအား ခရစ်ယာန်အသင်းတော်မှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ မိခင်များအားလုံးအတွက် ဂုဏ်ပြုစကားများပြောကြားခြင်း၊ မိခင်များစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအတွက် ဘုရားသခင်ထံ ဆုတောင်းပေးခြင်း၊ မိခင်များနှင့် ဆက်စပ်ဆိုင်သော တရားဒေသနာများဟောကြားခြင်းများဖြင့် ခရစ်ယာန်အသင်းတော် အသီးသီးမှ မိခင်များနေ့ကို ဆင်ယင်ကျင်းပလေ့ရှိကြသည်။ မိခင်များနေ့တွင် သားသမီးရှိသော မိခင်များကိုသာ မဟုတ်ဘဲ သားသမီးမရှိသော်လည်း မိဘမဲ့ကလေးများအား မေတ္တာဖြင့် ကြည့်ရှုစောင့်ရှောက်ပေးသော အမျိုးသမီးများ၊ အိမ်ထောင်မရှိသော်လည်း မိသားစုကို မိခင်သဖွယ် ကြည့်ရှုစောင့်ရှောက်သော အမျိုးသမီးများ၊ သားသမီး၊ မြေးများကို ပြုစုပျိုးထောင်ပေးခဲ့သော ဖွားဖွားများကိုလည်း ခရစ်ယာန်အသင်းတော်များမှ မိခင်များအဖြစ် ဂုဏ်ပြုလေ့ရှိကြသည်။ ထို့အပြင် ခရစ်ယာန်လူငယ်များသည်လည်း မိမိတို့၏မိခင်အား ဘုရားကျောင်းသို့မလာခင် “Happy Mother’s Day” ဟူ၍လည်းကောင်း၊ “အရာအားလုံးအတွက် ကျေးဇူးပါ … မေမေ” ဟူ၍လည်းကောင်း စသည့် ဂုဏ်ပြုစကားဖြင့် နှုတ်ဆက်ကာ အကြင်နာအနမ်းပေးခြင်း၊ မေမေများမသိအောင် ကြိုတင်ဝယ်ထားသောလက်ဆောင်များဖြင့် Surprise လုပ်ကြခြင်းများပြုလုပ်ကြသည်။ သို့သော် ခရစ်ယာန်မဟုတ်သည့် အခြားမြန်မာ့လူမှုအသိုင်းအဝန်းတွင်မူ ထိုကဲ့သို့ မိခင်များနေ့အား ဆင်ယင်ကျင်းပခြင်းမျိုးသည် ၁၉၉၅ ခုနှစ်မတိုင်ခင်အထိ မရှိခဲ့ချေ။ မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် “ပြာသိုလ်လပြည့်အမေ့နေ့” အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှုအရ အမေကို ဗုဒ္ဓမြတ်စွာဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး “မာတာပိတုဂုဏောအနန္တော” ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် “အမေနေ့” ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ “မိဘကျေးဇူးဆပ်နည်း” စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။

နိဂုံး

နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့တွင် ကျရောက်သော “Mother’s Day” ဖြစ်မြောက်လာအောင် ကြိုးပမ်းခဲ့သူ ဆရာမကြီး Anna Marie Jarvis ၊ သူမ၏ မိခင်ဖြစ်သူ Ann Maria Reeves Jarvisနှင့် ဆရာမကြီး Julia Ward Howe တို့သည် မမေ့အပ်သင့်သော ကျေးဇူးရှင်များ ဖြစ်ပါသည်။ ထို့အပြင် ထိုနေ့ကို အတည်ပြုပေးခဲ့သော အမေရိကန်သမ္မတ Thomas Woodrow Wilson ၊ ပထမဦးဆုံး မိခင်များနေ့ကျင်းပခဲ့ရာ St Andrew’s Methodist အသင်းတော် ခရစ်ယာန်ဘုရားရှိခိုးကျောင်း တို့သည်လည်း မိခင်များနေ့ဖြစ်ပေါ်ရာသမိုင်းတွင် အရေးပါခဲ့သော နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုပဲ ဖြစ်ပါတော့သည်။  ယခုနှစ် ၂၀၂၀ ခုနှစ်တွင် “မိခင်များနေ့” သည် မေလ၊ ၁၀ ရက်နေ့တွင်ကျရောက်ပြီး ၂၀၂၁ ခုနှစ်၌ မေလ ၉ ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၌ မေလ ၈ ရက်နေ့တွင်လည်းကောင်း ကျရောက်မည်ဖြစ်ပါသည်။  အမေများ မရှိတော့သော သားသမီးများသည်လည်း မိမိတို့ မိခင် အသက်ရှိစဉ်က ပြုပေးခဲ့သော ဂုဏ်ကျေးဇူးအပေါင်းကို ပြန်လည် လွမ်းဆွတ်တမ်းတ၊ အောက်မေ့သတိရ၊ ဆင်ခြင်နိုင်ပါသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အခြားသော မိခင်များကိုလည်း မိမိတို့ မိခင်သဖွယ် ဂုဏ်ပြုနိုင်ပါသည်။ အမေများအားလုံး ချမ်းမြေ့ပါစေ။ အမေများအားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ ကျွန်ုပ်တို့အား အမေများ ပေးထားတဲ့အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း ချီးမွမ်းပါသည်။ နောက်ဆုံး အနေဖြင့် စာရေးသူ၏ မိခင်ဖြစ်သူကိုလည်း ဤနေရာကနေ ဂါဝရပြုလျက် ဂုဏ်ပြုလိုက်ပါတယ်။

“အရာအားလုံးအတွက် ကျေးဇူးပါ .. မေမေ။ ချစ်တယ်။ Happy Mother’s Day”

the_history_of_mother_s_day.jpg

​Julia Ward Howe (1819-1910)​​

“မိခင်များနေ့” ဆိုသည်မှာ ကမ္ဘာပေါ်တွင်ရှိသည့် အမေများအားလုံး၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရကြပြီး ချီးမွမ်းဂုဏ်ပြုကြသည့်အနေဖြင့် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့တွင် နိုင်ငံအများအပြား၌ ဆင်ယင်ကျင်းပကြသော နေ့တစ်နေ့ဖြစ်ပါသည်။ အမေများသည် လူအများက ချီးမွမ်းဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်များပဲဖြစ်ပါသည်။ ရှေးဂရိ၊ ရောမတို့ ခေတ်မှသည် ယနေ့ချိန်ထိ မိခင်များနေ့ကို ဆင်ယင်ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လည်း အမေ့ကျေးဇူး ကို ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပနေကြဦးမည်ဟုလည်း ယုံကြည်ပါသည်။ မိခင်များနေ့နှင့် ဆင်တူသည့် ကနဦးမိခင်များနေ့ကို ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ နာမည်ကြီးစာရေး ဆရာမဂျူလီယာဝါ့ဒ်ဟိုး ( Julia Ward Howe (1819-1910) ) ပဲ ဖြစ်ပါတယ်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီး တစ်ဦးဖြစ်ပြီး အမေနေ့ ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်ပြီး ၁၈၇၂ ခုနှစ်၌ စတင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers’ Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါသည်။ သို့သော် ထိုနေ့ရက်သည် ကျွန်ုပ်တို့ ယနေ့ဆင်ယင်ကျင်းပနေသည့် မိခင်များနေ့ကဲ့သို့ မိခင်များအားလုံး၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်သည့် နေ့မျိုးမဟုတ်ဘဲ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ကာ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့ခြင်းသာဖြစ်ပါသည်။

_112205409_976x549annajarvisgettyimage.jpg

ကျွနုပ်တို့ ယနေ့ခေတ်တွင် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့၌ မိခင်များအားလုံး၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ကြသည့်နေ့အဖြစ် ဆင်ယင်ကျင်းပနေကြသော “မိခင်များနေ့” မှာမူ ဆရာမကြီး အန်နာ မာရီယာ ဂျာဗစ်စ် (Anna Maria Jarvis (1864 – 1948)) ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ခေတ်သစ် မိခင်များနေ့အားလပ်ရက်ကို ၁၉၀၈ ခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး၊ ဆရာမကြီး အန်နာ မာရီယာ ဂျာဗစ်စ် (Anna Maria Jarvis)  သည် အမေရိကန်ပြည်ထောင်စု၊  Grafton, West Virginia ရှိ စိန့်အင်ဒရူးမက်သဒစ်အသင်းတော် ( St Andrew’s Methodist Church) ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် သူမ၏မိခင်အတွက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပခဲ့ခြင်းဖြစ်သည် ။

တရားဝင် အားလပ်ရက်အဖြစ် ပေါ်ပေါက်လာခဲ့ပုံ
Anna Maria Jarvis (1864 – 1948)
dff.JPG
28183485_original
aea92df4af4061027fa6698854489297aa59d8ab-150x150
Anna_jarvis
anna-jarvis
anna-jarvis-was-sorry-she-ever-invented-mothers-d-2-27089-1431107892-11_dblbig
images (1)
ANNA-JARVIS-SIGNAL-TRIBUNE1
images (3)
images (4)
images
john_elliott_-_julia_ward_howe_-_google_art_project
Mary_S._Anthony
mothersday-founder-235db516-38b5-11e7-9e48-c4f199710b69
bottom of page