
Bellevue Myanmar Baptist Church

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်
ဓမ္မအမှုဆောင်များ အတွက်စာအုပ်
နာမကျန်းသောသူများ
အသင်းတော်အနေဖြင့် အသင်းသားများတွင် နာမကျန်းသောသူများကို ဂရုတစိုက်ပြုစုစောင့်ရှောက်ရပါမည်။
သင်းအုပ်ဆရာများသည် အသင်းတော်ကိုယ်စား ဆုတောင်းခြင်း၊ ခွန်အားပေးခြင်း မပျက်လုပ်ရမည်။
ဖတ်ရန်ကျမ်းပိုဒ်များ
ဆာလံ ၄၁း၁-၃
ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။ ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။ သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည်။
ဆာလံ ၉၁း၁၀-၁၂
သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
ဆာလံ ၁၀၃း၃-၄
သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
ဆာလံ ၁၃၉း၅
ကိုယ်တော်သည်အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား ၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကိုတင်တော်မူပြီ။
ဆာလံ ၁၄၇း၃
စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။
ဆာလံ ၉၁း၃-၄
အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့် မည်။
ဆာလံ ၉၁း၁၄-၁၆
သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။
ဆာလံ ၂၇း၁၀
ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
ဆာလံ ၂၃း၁-၄
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။ ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
ဆာလံ ၁၂၄း၈
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။
ဆာလံ ၃၁း၁-၅
ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။ အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ၍ သွန်သင်ပဲ့ပြင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။
ရှင်ယောဟန်ခရစ်ဝင်။၁၄း၁၃-၁၄
သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။
၂ကော၄း၁၇-၁၈၊ ၁၂း၇-၉ ။ ဟေဗြဲ ၄း၁၅၊ ၁၂း၆။ ဟေရှာ၄၈း၄။ ယေရ ၃၀း၁၇။ မ ၈း၁-၄၊ ၈း၁၆-၁၇ ၊ ၉း၂၈-၂၉။ တမန်၃း၃-၈
လု ၆း၁၈-၁၉၊ ၁၈း၁၁-၁၂။ ယော ၄း၄၈-၅၃၊ ၅း၅-၈။ ယာ ၅း၁၄-၁၅။ မာ ၆း၁၃၊ ၅း၂၅-၂၉၊ ၁း၄၀၄၂။ ၄ရာ ၅း၁၃-၁၄။ က ၂၀း၁၇
.....................................////////////////////............................................
အသည်းအသန်(မျှော်လင့်ချက်မရှိ) သောလူနာ
အသက်ရှင်ရန် မျှော်လ်ချက်ကင်းမဲ့နေသော လူနာ များနှင့် ဆွေမျိုးများအား အားပေးရန်နှင့် ဖတ်ကြားရန် ကျမ်းပိုဒ်များ။
တရား ၃၃း၂၇။ ဆာ ၂၃း၄၊ ၇၄း၂၆၊ ၃၄း၁၈၊ ၄၃း၃။ ယော ၅း၂၄။ ၂ကော ၅း၁။ ၁ကော ၁၅း၅၃။ ရောမ ၈း၁၈-၂၈။ ဟေရှာ ၃၈း၄-၅၊
၃၈း၁၆-၁၇။ ဆာ ၁၆း၈-၁၁၊ ၇၃း၂၆၊ ၁၀၃း၈-၁၄။ မ ၂၅း၃၄။ ယော၁၀း၂၇။ ရောမ ၈း၃၁။ ၂ကော ၅း၂-၉။ ဖိ ၁း၂၀၊ ၃း၂၀။ ၂တိ၁း၁၂?
၁ယော ၃း၁။ ဗျာ၂း၃-၄။
.....................................////////////////////............................................
စိတ်သောကဝေဒနာစားသောသူများ
ယုံကြည်သူများဖြစ်လင့်ကစား လူသားများဖြစ်သည့် နည်းတူအကြောင်းအမျိုးမျိုးကြောင့် စိတ်သောကဝေဒနာပေါင်း
မြောက်များစွာ ခံစားရတတ်ပါသည်။ မျှော်လင့ချက်ကင်းမဲ့ခြင်း၊ စိတ်ပျက်နွမ်းနယ်ခြင်းများ ခံစားသောသူများကို နှစ်သိမ့်ခွန်အားပေးရန် လိုအပ်ပါသည်။
ဖတ်ရန်ကျမ်းပိုဒ်များမှာ
ယောဘ ၁း၂၁၊ ၇း၁၇-၁၈။ ဆာ ၁၆း၁-၁၁၊ ၂၂း၄-၅၊ ၆၂း၁-၂၊ ၇၁း၂၀-၂၁၊ ၁၀၃း၁၃၊ ၁၁၉း၁၀၅၊ ၁၂၁း၁-၈၊ ၁၃၀း၁-၈၊ ၁၄၆း၅-၉။ ဟေရှာ ၄၀း၂၉-၃၁၊ ၄၂း၂၁၊ ၄၃း၁-၂၊ ၆၀း၁၉-၂၀၊ ၆၁း၁-၃။