
Bellevue Myanmar Baptist Church

ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိသလော (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်း အားဖြင့် ရရှိသလော?
မေးခွန်း - ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိသလော (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်း အားဖြင့် ရရှိသလော?
အဖြေ - ခရစ်ယာန် သီအိုလျော်ရီအားလုံးထဲတွင် ဤမေးခွန်းသည် အရေးကြီးဆုံးသော မေးခွန်းဖြစ်နိုင်ပါသည်။ ဤ မေးခွန်းပေါ်ပေါက်လာခြင်းသည် ပြုပြင်ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း(Reformation)ကြောင့်ပင် ဖြစ်သည်။ Protestant အသင်းတော်နှင့် Catholic အသင်းတော်တို့၏ ကွဲပြားမှုကြောင့်ဖြစ်သည်။ ဤမေးခွန်းသည် သမ္မာကျမး်စာကို စွဲကိုင်သော ခရစ်ယာန်ဘာသာ နှင့် “ခရစ်ယာန်” အယူဝါဒ လွဲမှားသူ အများစုတို့အကြား ကွာဟမှုဖြစ်စေသော သော့ချက်ပင်ဖြစ်သည်။ ကယ်တင်ခြင်းကို ယုံကြည်ခြင်း တစ်ခုဖြင့်သာလျှင် ရရှိသလော၊ (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုတို့ဖြင့် ရရှိပါသလော။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်း ရရှိသလော။ (သို့) ခရစ်တော်ကို ယုံကြည်၍ တခြားကောင်းမှု ကုသိုလ်တို့ကို လည်း လုပ်ဆောင်ရန် လိုအပ်သလော။
ယုံကြည်ခြင်းသာလျှင် (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ဟူသော မေးခွန်းသည် သမ္မာကျမ်းစာထဲ၌ ရှိသော စာပိုဒ်များကို ညှိနှိုင်းစွာကြည့်ခြင်းဖြင့် ဖြေကြားပေးနိုင်ရန် အလွန်ခက်ခဲပါသည်။ ရောမ၊ ၃း၂၈၊ ၅း၁ နှင့် ဂလာ၊ ၃း၂၄၊ ယာကုပ်၊ ၂း၂၄ တို့ကို နှိုင်းယှဉ်ကြည့်ပါ။ ပေါလုတင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိ သည်) နှင့် ယာကုပ်တင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ရရှိသည်) တို့၏ ကွာဟမှုတို့ကို တွေ့ရှိနိုင်ပါသည်။ တကယ်တန်းကျတော့ ပေါလုနှင့် ယာကုပ်တို့သည် အချင်းချင်း ကွဲပြားမှုမရှိပေ။ တချို့သော သူတွေ ယူဆသော မတူညီခြင်းအချက်သည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဤပြဿနာကို ဖြေ ရှင်းပေးနိုင်ရန် ယာကုပ်တင်ပြသော အရာသည် မည်သည့်အရာဖြစ်သည်ကို သေချာစွာသိရှိရန် လိုအပ်သည်။ ကောင်းသော အလုပ်များ မရှိဘဲ ယုံကြည်ရှိသည်ဟု ပြောဆိုသော သူတို့ကို ယာကုပ်က ငြင်းဆိုခြင်းဖြစ်သည် (ယာ၊ ၂း၁၇-၁၈)။ ခရစ် တော်၌ စစ်မှန်သော ယုံကြည်ခြင်းရှိမှသာ ပြောင်းလဲသော အသက်တာ ပိုင်ဆိုင်၍ ကောင်းသော လုပ်ငန်းများကို လုပ်ဆောင် နိုင်ခြင်းဖြစ်သည်ဟု ယာကုပ်က အဓိကတင်ပြလိုခြင်းဖြစ်ပါသည် (ယာ၊ ၂း၂၀-၂၆)။ ယုံကြည်ခြင်းနှင့် လုပ်ငန်း လုပ်ဆောင် ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည်ဟု ယာကုပ်ပြောလိုခြင်းမဟုတ်ပဲ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ရရှိသော သူတို့ သည် မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်များ လုပ်ဆောင်ရမည်ဟု ပြောလိုခြင်းဖြစ်ပါသည်။ လူတစ်ယောက်သည် ယုံကြည်သူတစ်ဦးအဖြစ် ကြွေးကြော်၍ မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်မရှိလျှင် ထိုသူသည် ခရစ်တော်ထဲ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူ လုံးဝ မဖြစ်နိုင်ပေ (ယော၊ ၂း၁၄၊ ၁၇၊ ၂၀၊ ၂၆)။
ပေါလုက သူရေးသားထားသော စာစောင်ထဲတွင် ယာကုပ်ရေးထားသည့်အတိုင်း ရေးသားခဲ့ပါသည်။ ကောင်းမွန် သော အသီးသီးသော ယုံကြည်သူတို့သည် မိမိ အသက်တာ၌ ဂလာက်သြဝါဒစာ၊ ၅း၂၂-၂၃ ထဲ၌ ဖော်ပြထားသော ၀ိညာဉ် အသီးတို့ တွေ့ရှိရမည်ဖြစ်သည်။ ကျွနု်ပ်တို့သည် မိမိကောင်းမှုကုသိုလ်ကြောင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိသည်ဟု ပေါလုက ပြောပြီးသည်နှင့် တပြိုင်နက် (၆၊ ၂း၈-၉) ကျွနု်ပ်တို့သည် ကောင်းသော အလုပ်လုပ်ဆောင်ရန် ဖန် ဆင်းထားခြင်းဖြစ်ကြောင်း ပေါ်လုက ဆက်လက်ညွှန်ကြားထားပါသည် (ဧဖတ်၊ ၂း၁၀)။ ပေါလုက ယာကုပ်ရေးထားသည့် အတိုင်း အသက်တာပြောင်းလဲသူတို့သည် အသက်တာ ပြောင်းလဲရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ “လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့ကို ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅း၁၇)။ ပေါလုနှင့် ယာကုပ်တို့သည် ကယ်တင်ခြင်းအကြောင်း သွန်သင်ရာတွင် သဘောထား ကွဲလွဲမှုမရှိပေ။ သူတို့သည် တူညီသော အချက်ကို မတူညီသောရှုထောင့်မှ တင်ပြခြင်းသာဖြစ်ပါသည်။ ပေါလုက ယုံကြည် ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းရရှိသည်ဟု အဓိကတင်ပြလိုခြင်းဖြစ်၍ ယာကုပ်က ခရစ်တော်ထဲ၌ ရှိသောသူတို့သည် ကောင်းသော အကျင့်စာရိတကောင်းမွန်ခြင်းရှိရမည်ဟု အဓိကတင်ပြလိုခြင်းဖြစ်ပါသည်။
အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
6 သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7 ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
10 ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
12 သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
13 အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
14 ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
15 အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
16 အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
17 အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော

