top of page

ကျွန်ုပ်သည် ကယ်တင်ခြင်းစိတ်ချမှုကို မည်သို့ရရှိနိုင်မည်နည်း။

မေးခွန်း -  ကျွန်ုပ်သည် ကယ်တင်ခြင်းစိတ်ချမှုကို မည်သို့ရရှိနိုင်မည်နည်း။

အဖြေ - ကျွနု်ပ်သည် ကယ်တင်ခြင်းရရှိကြောင်း မည်သို့သိရှိနိုင်မည်နည်း။ ၁ယောဟန် ၅း၁၁-၁၃ ထဲတွင် ဖော်ပြထားသော အကြောင်းအရာကို စဉ်စားကြည့်ပါ။ “သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၍ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရသောသူမူကား၊ အသက်ကိုမရ။ ဘုရားသ ခင်၏သားတော်ကိုယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ၊ ဤ အရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။” သားတော်ကို ရသောသူသည် မည်သူဖြစ်သနည်း။ သားတော်ကို ယုံကြည်သောသူများနှင့် သူ့ကို လက်ခံသောသူများဖြစ်ကြသည် (ယောဟန် ၁း၁၂)။ မိတ်ဆွေသည် သခင်ယေရှုကိုရလျှင် အသက်ကိုရသည်။ ယာယီအသက်ရှင်ခြင်းမဟုတ်ဘဲ ထာဝရအ သက်ရှင်ခြင်း ဖြစ်သည်။

ဘုရားသခင်သည် ကျွနု်ပ်တို့အား ကယ်တင်ခြင်းစိတ်ချမှုရရှိရန် အလိုတော်ရှိသည်။ ကျွနု်ပ်တို့သည် နေ့ရက်စဉ်တိုင်း ကယ်တင်ခြင်းစိတ်ချမှုရရှိသည်/မရရှိသည် ပေါ်တွင်မူတည်၍ ကျွနု်ပ်တို့၏ခရစ်ယာန်အ အသက်တာတွင် အံ့သြဖွယ်ကောင်းသောဘဝနှင့် ကြောက်ရွံ့ထိတ်လှန့်ဖွယ်ကောင်းသောဘဝဖြင့်အ သက်ရှင်နိုင်ကြမည်မဟုတ်ပေ။ ထိုကြောင့် သမ္မာကျမ်းစာထဲတွင် ကယ်တင်ခြင်း၏အကြံအစည်ကို သေချာ စွာဖော် ပြထားခြင်းဖြစ်သည်။ မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်မှသာ ကယ်တင်ခြင်းရရှိသည် (ယောဟန် ၃း ၁၆၊ တမန် ၁၆း၃၁)။ သခင်ယေရှုသည် မိတ်ဆွေ၏အပြစ်အတွက် ကိုယ်စားပြုအသေ ခံခဲ့သော ကယ်တင်ရှင်ဖြစ်သည်ဟု ယုံကြည်သလား (ရောမ ၅း၈၊ ၂ကော ၅း၂၁)။ မိတ်ဆွေသည်ကယ်တင် ခြင်းရရှိရန်အတွက် သခင်ယေရှုကိုသာ ကိုးစားပါသလား။ မိတ်ဆွေသည် ကိုးစားပါသည်ဟု ဖြေလျှင် ကယ်တင်ခြင်းရရှိသည်။ ကယ်တင်ခြင်းစိတ်ချမှုအဓိပ္ပါယ်သည် “သံသယကင်းမဲ့သောယုံကြည်ခြင်း” ဖြစ်သည်။ မိတ်ဆွေ၏နှလုံးသားထဲတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သိုထားလျှင် “သံသယစိတ်များ အောင်နိုင်”မည်ဖြစ်သည်။ သို့မှသာ မိတ်ဆွေသည် ထာဝရကယ်တင်ခြင်းစိတ်ချမှုအမှန်ကို ရရှိသည်။

သခင်ယေရှုကိုယ်တိုင်က သူ့ကိုယုံကြည်သောသူအပေါင်းတို့သည် ကယ်တင်ခြင်းရရှိသည်ဟု ခိုင်မာစွာ ပြောခဲ့သည်။ “ထာဝရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြ လိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခ မည်းတော်၏လက်မှမနှုတ်မယူနိုင်ရာ” (ယောဟန် ၁ဝး၂၈-၂၉)။ ထာဝရအသက်သည် ထာဝရဖြစ်သည်။ သခင်ယေရှုပေးအပ်ခဲ့သော ဘုရားသခင်၏ဆုကျေးဇူးကယ်တင်ခြင်းသည် မိတ်ဆွေအပါအဝင် မည်သူမည် ၀ါကမှ မိတ်ဆွေထံမှ နှုတ်ယူနိုင်ကြမည်မဟုတ်ပေ။

ကျွနု်ပ်တို့သည် ဘုရားသခင်၏နှုတ်ခပတ်တရားတော်ကို မိမိနှလုံးသားထဲတွင် သိုထားလျှင် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ် ပြုကြမည်မဟုတ်ပေ (ဆာလံ ၁၁၉း၁၁)။ ထိုအပြစ်ထဲတွင် သံသယဝင်ခြင်းအပြစ်များ လည်းပါဝင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်နှလုံးသားထဲ၌သိုထားခြင်းသည် သံသယဖြင့်အ သက်ရှင်မည့်အစား ရောင်ရဲမှုဖြင့်အသက်ရှင်နိုင်ကြမည် ဟု ဖော်ပြထားသည်။ ကျွနု်ပ်တို့သည် ခရစ်တော် ၏စကားကိုယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းစိတ်ချမှုကို ရရှိနိုင်သည်။ သို့မှသာကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏ကယ်တင်ခြင်း နှင့်ပတ်သက်၍မေးခွန်းထုတ်ရန်လိုအပ်တော့မည်မဟုတ်ပေ။ ကျွနု်ပ်တို့၏ ကယ်တင်ခြင်းစိတ်ချမှုသည် သခင်ယေရှုခရစ်တော်အားဖြင့် ကျွနု်ပ်တို့အပေါ်ဘုရားသခင်၏ချစ်ခြင်းမေတ္တာ တော်ပေါ်တွင် အခြေခံထားသည်။

အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
6 သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7 ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
10 ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
12 သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
13 အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
14 ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
15 အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
16 အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
17 အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော

bottom of page